မင်္ဂလာပါ ကာကာတို့ရေ ...
မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မပါမဖြစ် ဖြစ်တဲ့ .. ထမင်းမြိန်စေတဲ့ ငါးပိ နဲ့ ငရုတ်သီးမှုန့်လေးတွေ in-stock ရှိနေပါပြီ ...
ပန်းတနော်က ကရင်မလေးရဲ့ ငါးပိ၊ မျှင်ငါးပိ နဲ့ လက်ထောင်းလှော် ငရုတ်သီးမှုန့်တွေက ပြည်တွင်းမှာသာမက၊ ပြည်ပထိပါ ခရီးဆန့်နေတဲ့ ဒေသထွက်ကုန်လေးတွေပါ ...
(ငါးကြီးစုံ ငါးပိ နဲ့ ငါးဇင်စပ် ငါးပိ)
ပန်းတနော်က အင်းငါး၊ မြစ်ငါးတွေပဲ ထွက်တာပါ။ ပင်လယ်ငါး မရှိပါဘူး။ ကရင်မရဲ့ ထုတ်ကုန်တွေဟာ ပင်လယ်ငါး မရောပါဘူး။ အားလုံး ရေချို အင်းငါးတွေပဲ သုံးပါတယ်။
(ဟက်လက်မျှင်ငါးပိ)
ဟိုင်းကြီးကျွန်းနားက ဟက်လက်ရွာက ထွက်တဲ့ မျှင် ငါးပိပါ။ ကမ်းဝေးမျှင်က ပိုချိုပါတယ်။ မင်မင်တို့က မျှင်ငါးပိကို မခါးအောင်လို့ ၄ ခါတိတိ ထောင်းထားရတဲ့ မျှင်လေးပါ။
ငါးပိဈေးနှုန်းများ ...
(တစ်ပိဿာ - ၁၅,၀၀၀ ကျပ် / ငါးဆယ်သားဗူး - ၇,၅၀၀ ကျပ်)
(တစ်ပိဿာ - ၁၀,၀၀၀ ကျပ် / ငါးဆယ်သားဗူး - ၅,၀၀၀ ကျပ်)
(ငါးဆယ်သားဗူး - ၁၄,၀၀၀ ကျပ် / အစိတ်သားဗူး - ၇,၀၀၀ ကျပ်)
ငရုပ်သီးမှုန့်ဈေးနှုန်းများ ...
(အစိတ်သားထုပ် - ၉,၅၀၀ ကျပ်)
(အစိတ်သားထုပ် - ၆,၀၀၀ ကျပ်)
(အစိတ်သားထုပ် - ၆,၀၀၀ ကျပ်)
မင်မင်တို့အနေနဲ့ လတ်တလော အသင့်ဖျော်ငါးပိရည်လေးတော့ မရှိသေးပါဘူး။ မင်မင်တို့ ရွာဖက်များရောက်ရင်တော့ ငါးပိဖျော် ကောင်းကောင်းလေးနဲ့ ထမင်း အဝ, တာ ဝင်စားကြည့်ဖို့ မမေ့နဲ့နော် ...
#shopiteasy_with_juneone
Comments
Post a Comment
အားပေးမှုနဲ့ အကြံဉာဏ်လေးအတွက် June One မိသားစုမှ ကျေးဇူးတင်ရှိပါတယ်။